တရုတ်မင်းဆက် သမိုင်းစဉ်များနှင့် တရုတ်ရိုးရာ ကျင့်ဝတ်ဓလေ့များ-မြင့်ထွန်း CBA (Chinese)
အညွှန်းရေးသူ - Nyan Myo Aung
တရုတ် နန်းတွင်းကား သိုင်းကားတွေနဲ့ ကိုရီးယား နန်းတွင်းကားတွေ ကြည့်တဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ တွေ့ရတဲ့ ကိုယ်အမူအရာ အပြုအမူ ယုံကြည်မှု ထုံးဓလေ့တွေကို စိတ်ဝင်းစားမိ။ တရုတ်ကော ကိုးရီးယားကော အသုဘ အခမ်းအနားမှာ စက္ကူတွေ မီးရှို့တာ အစက ဘာကြောင့် ရှို့နေမှန်းမသိ။ ဗမာအသုဘမှာတော့ မသာ,မသွားရင် မသာအိမ်ရဲ့ အဝင်ဝမှာ ရေလား တရော်ကင်ပွန်း ခေါင်းလျှော်ရည်လား ထည့်ထားတဲ့ အိုးတစ်လုံးကို ရိုက်ခွဲတတ်ကြတယ်။ မသာပါး
စပ်ထဲ ကူးတို့ခ အကြွေစေ့ထည့်တယ်။ မသာဘေးမှာ စားစရာတချို့ ထည့်ပေးတယ်။
ရောမကားတွေမှာတော့ မသာရဲ့ မျက်စေ့ နှစ်လုံးပေါ်ကို အကြွေစေ့ နှစ်စေ့ ဖုံးပေးကြတယ်။ အင်ဒိယ ဇာတ်ကားတခုမှာလဲ မသာချရင်ညောင်ရေအိုး တစ်လုံး ရိုက်ခွဲတာ တွေ့မိမှတ်တယ်။ အင်ဒိယ ဗုဒ္ဓဝင်ကားမှာဆို ဗမာတွေ အတုယူထားတဲ့ ဓလေ့တချို့ တွေ့ရတယ်။ ရေစက်ချတာ ခရုသင်းမှုတ်တာ ညောင်ရေသွန်းတာ အာရုဏ်ဦး အိပ်မက် အတိတ်ကောက်တာ စသဖြင့်။ အောက်က စာအုပ်မှာတော့ တရုတ်ရိုးရာ ယုံကြည်မှုဓလေ့တွေ ပေါ်ထွန်းလာပုံ။ ဘယ်ခုနှစ်သက္ကရာဇ်မှာ ပေါ်တာလဲ။ ဘယ်ခေတ်ကာလ ဘယ်မင်းဆက်လက်ထက်မှာ ပေါ်တာလဲ စတာတွေကို တစ်ပုဒ်ချင်းစီ တိုတိုကျစ်ကျစ် ရေးထားပါတယ်။ တရုတ်ရိုးရာကစားနည်းတချို့လိုမျိုး တချို့ဓလေ့တွေဟာ ဗမာမှာလဲတွေ့ရတယ်။ ဒါပေမဲ့ တရုတ်ဘက်မှာ ပိုရှေးကျတယ်။ ဒါကြောင့် တရုတ်ဘက်က အတုယူတာမျိုးလား။ ဒါဖတ်ပြီးမှ ဇာတ်ကားကြည့်ရတာ ပိုအရသာ ရှိလာသလို။
ဉာဏ်မျိုးအောင်
Comments
Post a Comment