တောဆရာဝန်-ထက်အောင်(ဗန်းမော်)
အညွှန်းရေးသူ - Lynn Sett ဒီစာအုပ်လေးက ပါပီယွန် ညွှန်းညွှန်း နေလို့ ဖတ်ကြည့်ချင်ပေမယ့် စာအုပ်က ဆိုင်တွေမှာ ဝယ်မရတော့ပါဘူး။ ညွှန်းဆို ထက်အောင် ( ဗန်းမော်) ဆိုတာက သူ့ သူငယ်ချင်းအရင်းကြီးကိုး။ဒီ လိုပြောတော့ ဆြာပါပီက သူ့မှာ ရှိတဲ့ စာအုပ်လေးကို ယူလာပေးတယ်။ ဖတ်ကြည့်တော့ သိပ္ပံမောင်ဝတို့ရေးသလို ဝတ္ထုဆောင်းပါးလို့ ပြောရမလားပဲ။ ကိုယ်တွေ့ဖြစ်ရပ်တွေကို ဝတ္ထုပုံစံ ဇာတ်လမ်းဆင်ပြီး ရေးဖွဲ့ထားတာမျိုး။ ဝတ္ထုတို ၂၅ ပုဒ်ပါတာဆိုတော့ တပုဒ်ကို စာတပို ဒ်နှုန်းနဲ့ ညွှန်းရင်တောင် ၂၅ ပိုဒ်ရေးရလိမ့်မယ်။ ဆိုတော့ စာ အတော်ရှည်သွားမယ်။ တကယ်ညွှန်းမယ်ဆိုလည်း ဝတ္ထုတို တစ်ပုဒ်က စာတပိုဒ်စာ မကဘူး။ တွေးလို့ ရေးလို့ ရတာမျိုးတွေချည်းပါပဲ။ တောဆရာဝန် ဆိုတဲ့ အတိုင်း တောအရပ်က လူနာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ ကမောက်ကမအဖြစ်တွေ ရယ်မောစရာတွေ ရင်မောစရာတွေရင်နင့်ဖွယ်ရာေ တွကို ရေးထားတာပေါ့။