Posts

Showing posts from April, 2017

စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology(The Science of Mind and Behavior)

အညွှန်းရေးသူ - ဆွေသက်ဇော် စာအုပ်အမည် - Psychology: The Science of Mind and Behavior စာရေးသူ - Michael W. Passer, Ronald E. Smith စိတ်ပညာနောက်ခံဝတ္ထုတွေကို ကြိုက်နှစ်သက်မိရာက ကိုယ်တိုင်လည်း စိတ်ပညာနောက်ခံ ဝတ္ထုတွေရေးချင်တဲ့ အိပ်မက်ရှိခဲ့ဖူးတယ်။ ဒါပေမယ့် စိတ်ပညာရပ်ကို မယ်မယ်ရရဘာမှ မလေ့လာ ဖူး။ ဒီလိုအချိန်မှာ Michael W. Passer နဲ့ Ronald E. Smith တို့ရေးသားတဲ့ စိတ်ပညာ(စိတ်နဲ့အပြုအမူကိုသိပ္ပံနည်းကျလေ့လာခြင်း) Psychology (The Science of Mind and Behavior) စာအုပ်ကို ဖတ်ခဲ့ရတယ်။ စဖတ်ချိန်မှာ ဖတ်ချင်စိတ်ကြောင့် ကောက်ဖတ်လိုက်ရပေမယ့် စိုးရိမ်စိတ်ကတော့ ရှိနေခဲ့တယ်။ ကိုယ်မသင်ဖူး တဲ့ ဘာသာရပ်တခုကို အင်းဂလစ်ရှ်လို ကိုယ့်ဘာသာလေ့လာနိုင်ပါ့မလားပေါ့။ တကယ်ဖတ်တဲ့ အခါမှာတော့ အဆင်လည်းပြေသလို စာအုပ်ကိုလည်း အတော်လေးနှစ်ခြိုက်မိသွားတယ်။ ကျနော့်အနေနဲ့ ဒီစာအုပ်ကိုသာ မဖတ်မိပဲ မြန်မာဘာသာစကားနဲ့ရေးထားတဲ့ စိတ်ပညာစာအုပ်တွေ ကိုသာ စဖတ်မိခဲ့မယ်ဆိုရင် စိတ်ပညာဆိုတာ အတော်ခက်ပါလားလို့ ထင်ပြီး နောက်တွန့်သွား ကောင်းသွားလိမ့်မယ်။

ပူလောင်အိုက်စပ်နေသော မိန်းမ-ရွှေပိုးအိမ်(ပဲခူး)

Image
  အညွှန်းရေးသူ - Lynn Set     ပူလောင်အိုက်စပ်နေသော မိန်းမ။ ဒီစာအုပ်ထဲ ပါတဲ့ ဝတ္ထုတို တစ်ပုဒ်ရဲ့ ခေါင်းစဉ်ကို စာအုပ်နာမည်အဖြစ် ယူထားတာပါ။ စာအုပ်မျက်နှာဖုံးမှာတော့ ဝတ္ထုများလို့ မရေးထားပါဘူး။ သစ္စာနီရဲ့ အမှာစာအရ ဝတ္ထုတိုတွေလို့ ဆိုထားပါတယ်။ ဝတ္ထုတိုတွေ အားလုံးနီးပါးဟာ အမျိုးသမီးဇာတ်ကောင်ကို အသားပေးရေးဖွဲ့ထားပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခံစားမှု၊ အတွေးအမြင်၊ အဖြစ်အပျက် စသဖြင့်ပေါ့။ 

ယက်ဗ်တူရှင်ကို (ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ)-ဘာသာပြန် မောင်ပေါ်ထွန်း

Image
အညွှန်းရေးသူ - Nyan Myo Aung   စာအုပ်အမည် - ယက်ဗ်တူရှင်ကို ဘာသာပြန်သူ - မောင်ပေါ်ထွန်း မူရင်းစာအုပ်အမည် - A Precocious Autobiography မူရင်းစာရေးသူ - Yevgeny Yevtushenko   မူရင်းစာအုပ် အမည်က A Precocious Autobio- graphy By Yevgeny Yevtushenko ပါ။ ဒီစာ အုပ်က အနောက်နိုင်ငံတွေမှာ ပထမဆုံး ထွက်လာ ပြီးတဲ့ နောက်ပိုင်း ယက်ဗ်တူရှင်ကို တယောက် လူမြင်ကွင်းကနေ အတော်ကြာ ပျောက်သွားတယ်။ နောက်တော့မှ အစိုးရ ရုပ်မြင်သံကြားမှာ လူသိ ရှင်ကြား တောင်းပန်ရင်း ပြန်ပေါ်လာတယ်|ဒါပေ မဲ့ သူ့စာအုပ်နဲ့ ပတ်သက်လို့ တောင်းပန်စကား ပြောသွားတာတော့ မရှိဘူးလို့ အင်တာဗျူးတခု မှာ ဖတ်ရဖူးပါတယ်။   

I amsterdam-မျိုးဇေယျာဦး

Image
အညွှန်းရေးသူ -  နေသန် ---ကိုမျိုးဇေယျာဦးကို အကြောင်းပြုလို့ အမ်စတာဒမ်ကို စာထဲကတဆင့် အလည်အပတ်ရောက်သွားတယ်။ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကိုမျိုးဇေယျာဦးက သူ့ရဲ့အမ်စတာဒမ်သွားတောလားကို ဖတ်ကြည့်မလား မေးလာတော့ ချက်ချင်းပဲ ခေါင်းညိမ့်မိတယ်။ ခေးက အမ်စတာဒမ်ရူးရူးနေတာကြောင့် လည်း ပါမယ်ထင်ရဲ့။  

တရုတ်မင်းဆက် သမိုင်းစဉ်များနှင့် တရုတ်ရိုးရာ ကျင့်ဝတ်ဓလေ့များ-မြင့်ထွန်း CBA (Chinese)

Image
အညွှန်းရေးသူ - Nyan Myo Aung တရုတ် နန်းတွင်းကား သိုင်းကားတွေနဲ့ ကိုရီးယား နန်းတွင်းကားတွေ ကြည့်တဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ တွေ့ရတဲ့ ကိုယ်အမူအရာ အပြုအမူ ယုံကြည်မှု ထုံးဓလေ့တွေကို စိတ်ဝင်းစားမိ။ တရုတ်ကော ကိုးရီးယားကော အသုဘ အခမ်းအနားမှာ စက္ကူတွေ မီးရှို့တာ အစက ဘာကြောင့် ရှို့နေမှန်းမသိ။ ဗမာအသုဘမှာတော့ မသာ,မသွားရင် မသာအိမ်ရဲ့ အဝင်ဝမှာ ရေလား တရော်ကင်ပွန်း ခေါင်းလျှော်ရည်လား ထည့်ထားတဲ့ အိုးတစ်လုံးကို ရိုက်ခွဲတတ်ကြတယ်။ မသာပါး စပ်ထဲ ကူးတို့ခ အကြွေစေ့ထည့်တယ်။ မသာဘေးမှာ စားစရာတချို့ ထည့်ပေးတယ်။

သုမနလက်ထဲက ဂျော်နီဝါကားပုလင်းကွဲစ (သို့မဟုတ်) ကျားဖြူ

Image
အညွှန်းရေးသူ - နေသန်   စာအုပ်အမည် - ကျားဖြူ ဘာသာပြန်သူ - သင့်လူ မူရင်းစာအုပ်အမည် - The White Tiger မူရင်းစာရေးသူ - Aravind Adiga    --- မိဘပြည်သူများခင်ဗျား ဆိုတဲ့ ရည်းစားဟောင်းရဲ့ ညုတုတုလေသံလောက်တောင်မှ ရင်ခုန်စရာမကောင်းတဲ့ မိန့်ခွန်းတွေကို ငြီးငွေ့နေပြီဆိုရင် ညစ်ညူးမှုကို ဖြေဖျောက်ပေးမယ့် စာအုပ်တစ်အုပ်အကြောင်း ပြောပြပါရစေ။ ကျားဖြူပါတဲ့။ အိန္ဒိယလူမျိုးတစ်ယောက်ရဲ့ ဘွတ်ကာစာပေဆုရဝတ္ထု White Tiger ကို ဆရာသင့်လူ ဘာသာပြန်ထားတာပါ။  

မိုက်ကယ် ဆန်ဒဲ ပြောတဲ့ တရားမျှတမှု

Image
အညွှန်းရေးသူ - Nyan Myo Aung Book - Justice: What's the Right Thing to Do Writer - Michael J. Sandel ဒီလအတွက် Michael J. Sandel ရေးသားတဲ့ Justice, What’s the Right Thing to Do ဆိုတဲ့ စာအုပ်ကို ညွှန်းချင်ပါတယ်။ ဗမာပြည်မှာတော့ ဥပဒေအကြောင်း၊ ကိုယ်ကျင့်တရားအကြောင်း ပြောကြစတမ်းဆိုရင် ဥပဒေသမားကလဲ ရှိရင်းစွဲ ဥပဒေစာအုပ် တွေထဲက ပုဒ်မကြီး ပုဒ်မငယ်တွေကို ကိုးကားပြောဆိုတတ်ကြပြီး ကိုယ်ကျင့်တရားအကြောင်း ပြောသူအများစုဟာလဲ ငရဲပြည်၊ လူပြည်၊ နတ်ပြည်တွေကို အခြေခံတည်ဆောက်ထားတဲ့ ဘာသာရေးကျမ်းဂန်ထဲက ကျင့်ဝတ်သီလတွေအကြောင်းကို ပြောဆိုဆွေးနွေးတတ်ကြ ပါတယ်။ မတွေ့ရသလောက် ရှားပါးတာကတော့ “လူကို ဗဟိုပြုပြီး တည်ဆောက်ထားတဲ့ ရှေ့နောက်ညီညွှတ်မှု ရှိတဲ့ ကိုယ်ကျင့် တရား အယူအဆ၊ တရားဥပဒေ အယူအဆတွေ” ပါပဲ။ ဒီဆောင်းပါးမှာ ဆန်ဒဲရဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို အမြည်းသဘော မိတ် ဆက်ပေးပါမယ်။ အပြည့်အစုံ ဖတ်လိုသူများကတော့ မူရင်းကို ရှာဖတ်ဖို့ တိုက်တွန်းလိုပါတယ်။

ကုန်းဘောင်ခေတ်၏ နောက်ဆုံးအားမာန်-မကြန်

Image
ရေးသူ - Nyan Myo Aung ကနောင် မင်းသားကြီးရဲ့ ရေမြှုပ်ဗုံးကြောင့် သတ္တဝါတွေ သေကုန်ကြတော့မှာပဲလို့ မင်းဆရာက မိန့်ပြီးတဲ့နောက်ပိုင်း မင်းတုန်းဘုရင်ဟာ ခေတ်မီ လက်နက် စမ်းသပ်ထုတ်လုပ်မှုကို ရပ်တန့်စေခဲ့ကြောင်း ပါးစပ်ပြော သမိုင်းဟာ ယုံတမ်းမျှသာ ဖြစ်ကြောင်း သမိုင်းပညာရှင် ဒေါ်ကြန်က ဆိုပါတယ်။ ရှာဖွေ တွေ့ရသမျှ သမိုင်းအထောက်အထားတွေအရ ကနောင်မင်းသားကြီး အလုပ်ကြံခံရပြီးနောက်ပိုင်းလဲ ခေတ်မီ လက်နက်စက်ရုံ ရက်ကန်း စက်ရုံ ဒင်္ဂါးစက်ရုံ တည်ထောင်ရေးနဲ့ အီတလီ ပြင်သစ် အင်ဒိယ နိုင်ငံခြား တိုင်းပြည်တွေဆီ ပညာသင်စေလွှတ်မှုတွေ ရှိမြဲဖြစ်ကြောင်း ဒေါ်ကြန်က ထောက်ပြခဲ့ပါတယ်။ ဒီခေတ်မီရေး ဆောင်ရွက်ချက်ကို အဟန့်အတား ဖြစ်စေတဲ့ အချက်တွေထဲက တစ်ချက်ကတော့ နယ်ချဲ့အင်္ဂလိပ်အစိုးရဟာ ဗမာပြည်ပင်လယ် ထွက်ပေါက်ကို စိုးမိုးထားနိုင်တာရယ် ဗမာဘုရင်တွေက စစ်လက်နက် စက်ပစ္စည်း စက်ရုံသုံးတန်ဆာပလာတွေ ဝယ်ယူချင်တဲ့အခါ အောက်ဗမာပြည် နယ်ချဲ့အင်္ဂလိပ် အစိုးရဆီက ခွင့်ပြုချက် ယူရတာတွေဟာလဲတခုအပါအဝင်ပါပဲ။ ဗမာပညာသင်တွေဟာ မင်းမှုထမ်းတွေနဲ့ ကုန်သည်တွေရဲ့ သားသမီးတွေ ဖြစ်ပြီး ယေဘုယျအားဖြင့် ပညာသင်လွှတ်ချိန်မှာ အသက်အရွယ်အရ ငယ်လွန်းကြသေးတယ်။ သင်ယူခိုင်းသမျှ ဘာသာရပ်တွေဟ...